ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အခြေခံ မူလတန်းနှင့် အလယ်တန်းအဆင့် ပြီးမြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် အခြေခံမူလတန်းနှင့် အလယ်တန်းအဆင့် ပြီးမြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီးကျောင်းကုန်းမြို့နယ်တွင် 66 KV ဓာတ်အားခွဲရုံသစ်တည်ဆောက်၍  ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် 30 MVA လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးသွားမည်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့်ကျေးလက်ဒေသများ၏ လူမှုစီးပွားဘဝများတိုးတက်ဖွံ့ဖြိုးစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည့်နည်းတူ လိုအပ်သော လျှပ်စစ်ဓာတ်အားကိုလည်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိရာ  ကျောင်းကုန်းမြို့နယ်တွင် 66KV ဓာတ်အားခွဲရုံ တည်ဆောက်၍ 30 MVA လျှပ်စစ်ဓာတ်အားကို ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ(၁)ရက်နေ့က Ayeyarwaddy integr ated industry Complex ဘက်စုံစီမံကိန်းနှင့် စပ်လျဉ်း၍သက်ဆိုင်ရာကဏ္ဍအလိုက်တင်ပြရာ၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကပြောကြားခဲ့သည်။
ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုဖွင့်ပွဲ အခမ်းအနား ကျင်းပ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်လမ်းအန္တရာယ် လျှော့နည်းကျဆင်းရေးအတွက် မြန်မာနိုင်ငံယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေးအဖွဲ့ ( MORS ) မှဦးစီး၍ သတ္တမအကြိမ် ယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို
မြစ်ကြီးနား၌ ကရိန်းတပ်ဆင်ထားသည့်ယာဉ်ဖြင့် ပစ္စည်းချစဉ် လျှပ်စစ်ဝါယာကြိုးဖြင့်ထိမိ၍ ယာဉ်ခေါင်းခန်းမီးလောင် ယာဉ်မောင်းသေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်း၌ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက ကရိန်းတပ်ဆင်ထားသည့်ယာဉ်ဖြင့် ပစ္စည်းချစဉ် (11-KV)လျှပ်စစ်ဝါယာကြိုးဖြင့်ထိမိ၍ လျှပ်စစ်စီးဆင်းပြီး ယာဉ်ခေါင်းခန်းမီးလောင်ကာ ယာဉ်မောင်းသူသေဆုံးခဲ့ကြောင်း မြစ်ကြီးနားမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အိမ်မဲမြို့ မြို့မဈေးကြီးအရှေ့၌ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်

ရေစကြိုမြို့နယ်၌ ကျေးရွာ(၈)ရွာ ဆိုလာစနစ် လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်နေ