ကချင်ပြည်နယ်ဝန်ကြီးချုပ် ချီဖွေမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဒေသခံ ပြည်သူများနှင့် သွားရောက်တွေ့ဆုံဆွေးနွေး
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂ ရက်တွင် မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်သို့ သွားရောက်ကာ ချီဖွေနှင့် ဆော့လော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြ






