ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဒီးမော့ဆိုမြို့၊ ပရဟိတကျောင်းအတွက် ထောက်ပံ့ခြင်းနှင့်ကယားပြည်နယ်ရှိ ဝန်ကြီးဌာန၏ ဝန်ထမ်းများနှင့်တွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ် ဧည့်ရိပ်သာခန်းမ၌ တောင်တန်းသာသနာပြု ဒီးမော့ဆိုမြို့မ ပရဟိတကျောင်းအတွက် အရေးပေါ်စားနပ်ရိက္ခာဖိုးငွေများ ထောက်ပံ့ပြီး ကယားပြည်နယ်အတွင်း တာဝန် ထမ်းဆောင်နေသော ဝန်ကြီးဌာန၏ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။
အခွန်စည်းကြပ်မှု လျော့ပေါ့ပေးခဲ့သော်လည်း မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ခြံမြေရာဖြတ်တန်ဖိုး တိုးမြှင့်လိုက်ခြင်းကြောင့် ပြည်သူများ အကျိုးခံစားရမှု နည်းပါး

ပြည်ထောင်စုဝန်ကြီး  သူရဦးအောင်ကို အောင်ဆန်းရုပ်ရှင်ရိုက်ကူးနေမှုနှင့်  အမျိုးသားဇာတ်ရုံ (ရန်ကုန်)ပြုပြင်မွမ်းမံနေမှုတို့ကို ကြည့်ရှုစစ်ဆေး

မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာပြန်ဆိုခြင်းစာတမ်းဖတ်ပွဲ ဒုတိယနေ့ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန က ကြီးမှုးကျင်းပသည့် မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာပြန်ဆိုခြင်းစာတမ်းဖတ်ပွဲ ဒုတိယနေ့အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာနပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနစုဝေးခန်းမ၌ ဆက်လက် ကျင်းပသည်။
ကျိုင်းတုံ၊ ကလော မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂ ရက် ညနေပိုင်းက ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအနီး၊ ကျိုင်းတုံ-မိုင်းခတ်သွားကားလမ်းတွင် မျိုးဟိန်း မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀ဝ  သိမ်းဆည်းရမိခဲ့သည်။
ကလေးစာပေပွဲတော်(အိမ်မဲ) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာန၊ မြောင်းမြခရိုင်နှင့်အိမ်မဲ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော်(အိမ်မဲ)စာအုပ် စာပေပြပွဲနှင့်စာအုပ်ဈေးရောင်း ပွဲတော်ကို အထက (၁)ကျောင်း၌ နိုဝင်ဘာ (၆/၇) ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများက နိုဝင်ဘာ ၃ ရက် နံနက် ၉ နာရီက စတင်ပြီး ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။