ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း ကျန်းမာရေးပညာပေးပြခန်း ဖွင့်လှစ်လျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း ကျန်းမာရေးပညာပေး ပြခန်းဖွင့်ပွဲကို နိုဝင်ဘာလ ၈ ရက် ၊ ညနေ ၄ နာရီက မီးပုံးပျံကွင်းအတွင်း၌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျန်းမာရေးပညာပေးပြခန်း ပြသမှုအား လိုက်လံကြည့်ရှုခဲ့ကြသည်။








