မြိတ်မြို့တွင် ရသအစုန်အဆန် ရေးသူဖတ်သူ စုန်ဆန်ပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အထက(၁)ကျောင်း ပညာဗိမာန်ခန်းမတွင် ကျောင်းပညာရေးနှင့် ရသ စာပေပေါင်းကူးဆက်စပ်ပေးရန် ရည်ရွယ်ချက်ဖြင့် Pen Myanmar မှ (၁၃၄) ကြိမ်မြောက် ရသအစုန်အဆန် ရေးသူ ဖတ်သူစုန်ဆန်ပွဲကို နိုဝင်ဘာ ၈ ရက် နေ့လယ် ၁ နာရီက ကျင်းပသည်။






