ယင်းမာပင်ခရိုင်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းနှင့် လျာထားမဲရုံစာရင်းများ ပြုစုပြီးဖြစ်ဟုဆို
၂၀၂၀ ပြည့်နှစ်အတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ ပါဝင်ဆန္ဒမဲပေးနိုင်မည့် အခြေခံဆန္ဒမဲစာရင်းနှင့် ၎င်းအခြေခံဆန္ဒမဲစာရင်းအရ မဲရုံအရေအတွက်ကို လျာထားပြီးဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်သန့်ထံမှ သိရသည်။








