တီဘီသံသယလူနာများအား ရွေ့လျားအဖွဲ့ဖြင့် ကွင်းဆင်းရှာဖွေ ကုသပေးနေ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ တီဘီရောဂါ သံသယရှိသူများကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရွေ့လျားတီဘီရောဂါ ရှာဖွေရေးအဖွဲ့က ဇန်နဝါရီ ၁၉ ရက်မှစ၍ ကွင်းဆင်းရှာဖွေကုသပေးလျက်ရှိရာ ဇန်နဝါရီ ၂၃ ရက်ထိ သံသယရှိလူနာ ရာနှင့်ချီ၍ စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။







