ပုလဲမြို့ စည်ပင်သာယာမြို့မဈေး ဆိုင်ခန်းသစ်များကို ပွင့်လင်းမြင်သာစွာ အခန်းနေရာချထား ရောင်းချပေးလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ စည်ပင်သာယာမြို့မဈေး၌ ဇန်နဝါရီ ၂၅ ရက် နံနက် ၁၁ နာရီခွဲက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့၏ ကြီးကြပ်မှုဖြင့် ဈေးဆိုင်ခန်း လျှောက်လွှာတင်ထားသူများအား ဈေးဆိုင်ခန်းသစ်များကို မဲနှိုက်၍ ပွင့်လင်းမြင်သာစွာ အခန်းနေရာချထား ရောင်းချပေးခဲ့ကြောင်း သိရသည်။






