အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ် လုပ်ငန်းစဉ်ဖြေလျှော့မှု စမ်းသပ်စီမံကိန်းတိုးချဲ့ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
လူမှုဖူလုံရေးအဖွဲ့နှင့် ILO မှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ၊ သုတေသနပညာရှင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ၍ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ် လုပ်ငန်းစဉ်ဖြေလျှော့မှု စမ်းသပ်စီမံကိန်းတိုးချဲ့ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဖူလုံရေးအဖွဲ့ရုံးချုပ် စုဝေးခန်းမ၌ ကျင်းပသည်။




