ဓနုဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်နေပြည်သူများ တွေ့ဆုံရှင်းလင်းပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ရပ်ကွက် သန့်ရှင်းသာယာလှပရေး အထောက်အကူပြုအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့နှင့် ရပ်ကွက်နေ ပြည်သူများ တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီက ဓနုဖြူမြို့၊ အမှတ်(၁၇) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့





