ကောလင်းမြို့နယ်၌ ဒေသနွားမျိုး၊ နို့စားနွားမျိုးနှင့် အသားစားနွားမျိုးများ မေထုန်မဲ့ သားစပ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေသခိုင်းနွားမျိုး၊ နို့စားနွားမျိုးများနှင့် အသားစားနွားမျိုးများတွင် မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။





