ဓနုဖြူ ၂၇ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ရပ်ကွက် သန့်ရှင်းသာယာလှပရေး အထောက်အကူပြုအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့နှင့် ရပ်ကွက်နေ ပြည်သူများ တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီက ဓနုဖြူမြို့၊ အမှတ်(၁၇) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ဓနုဖြူမြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးအောင်မိုးဇော်၊ အတွင်းရေးမှူး အမှုဆောင်အရာရှိ ဦးတိုးမြင့်အောင်နှင့် တာဝန်ခံအင်ဂျင်နီယာ အင်ဂျင်နီယာမှူး ဦးသန်းထွဋ်တို့မှ စည်ပင်သာယာရေး ကော်မတီ၏ အခွန်၊ အခ၊အကောက် ကောက်ခံမှုအခြေအနေနှင့် စည်ပင်သာယာရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ အများပြည်သူပူးပေါင်းပါဝင်သော အမှိုက်သိမ်း စနစ်ဖြစ်ပေါ် လာစေရေးအတွက် ပြည်သူများနှင့် တွေ့ဆုံရှင်းလင်းခဲ့သည်။ထို့နောက် ရပ်ကွက်နေပြည်သူများမှ သိလိုသည့်အချက်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါ တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားသို့ ရပ်ကွက်နေ ပြည်သူ (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး


