ရိခေါ်ဒါရ်    ၂၇   ဖေဖော်ဝါရီ  

 

ချင်းပြည်နယ်မြောက်ပိုင်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဝင်ထွက်ပေါက်ရှိသည့် ရိခေါ်ဒါရ် နယ်စပ်ဂိတ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးခြင်းကို ကျန်းမာရေးဌာနမှ ယနေ့အထိ နေ့စဉ်ပုံမှန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

2530

 

အဆိုပါ ကျန်းမာရေး စောင့်ကြည့်စစ်ဆေးရာတွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်တံတား ဖြတ်ကျော်သွားလာသူ အများပြည်သူများ၊ အခြားမြို့နယ်ဒေသများမှ ဝင်ထွက်သွားလာသူ အများပြည်သူများကို နယ်စပ်တံတားဂိတ်နှင့် မြို့အဝင်ထွက်ပေါက်များမှ ကျန်းမာရေး အခြေအနေ စစ်ဆေးဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယနေ့အထိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာ တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။

 

ထိုသို့ ကျန်းမာရေးအခြေအနေ စောင့်ကြည့်စစ်ဆေးရာတွင် သံသယလူနာ တွေ့ရှိမိပါက အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန် ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ၌ သီးသန့်လူနာခန်းကို ဖေဖော်ဝါရီလအတွင်း ပြင်ဆင်ထားရှိခဲ့ကြောင်း သိရသည်။

 

ပက်ကာ (ရိရေကန်)

 

520