သနပ်ခါးကို မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန် မတ်လအတွင်း ယူနက်စကိုသို့ အမည်စာရင်းတင်သွင်းမည်
မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့အဖြစ် နှစ်သက်စွာ လိမ်းခြယ်ခဲ့ကြသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သနပ်ခါးကို မြန်မာနိုင်ငံ၏ ပထမဆုံးကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန် မတ်လအတွင်း၌ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို) သို့ အမည်စာရင်း တင်သွင်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း





