အလုံ ၃ မတ်
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် အလုံမြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါ ကူးစက်ပျံ့ပွားမှုမဖြစ်စေရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်လှသိန်းယဉ်နှင့် သူနာပြုသားဖွားဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများသည် မတ် ၃ ရက် မွန်းလွဲ ၂ နာရီက အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ သစ်တောလမ်းရှိ ဇောတနာရာမစာသင်တိုက်တွင် သီတင်းသုံးလျက်ရှိသော စာချ-စာသင် သံဃာတော်များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ် (၁၉) (COVID-19) ကူးစက်မှု မပြန့်ပွားစေရေးအတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ရာ စောရန်ပိုင်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်နှင့် တာဝန်ရှိသူများမှ ပါဝင်ကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ကိုတင်မောင်ဦး(အလုံ)


