ညောင်တုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အမှတ် (၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း) မှ ငွေကျပ် (၁၀) သိန်းလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ငွေကျပ် (၁၀) သိန်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ် (၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)မှ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လှူဒါန်းပေးခဲ့
ဟိုပင်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် PPE ဝတ်စုံ ၄၅ စုံနှင့် အလှူငွေကျပ် ၁၅ သိန်းလှူဒါန်း
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့အဆင့်ကြီးကြပ်ရေး ကော်မတီထံသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက ကျင်းပခဲ့
ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင် ဆီဆိုင်မြို့နယ် ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီနှင့်တွေ့ဆုံ
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်သည် ဧပြီ ၁၀ နံနက် ၈ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နေရာ ၅၅၁ ခု၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ပေးလျက်ရှိ
ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယူနီဆက်ဖ်တို့ ပူးပေါင်း၍ ပြည်သူများပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ .............
သုံးခွမြို့၌ သင်္ကြန်ပိတ်ရက်ကာလများအတွင်း ဆွမ်းကိစ္စများ အဆင်ပြေစေရေး ဆွမ်းဆန်တော်များကို ဆက်ကပ်လှူဒါန်းပေး
ကိုဗစ်-၁၉ ကူးစက်ရောဂါကင်းဝေးစေရေးနှင့် သင်္ကြန်ပိတ်ရက်ကာလများအတွင်း ဆွမ်းကိစ္စ အခက်အခဲများ မရှိစေရေးအတွက် ............
ထောက်ပံ့ကူညီမှု (၅)မျိုးကို နိုင်ငံတော်သို့ ပြန်လည်လှူဒါန်းမည်
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့ ကံသာရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်တို့မှ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ကူညီမှု (၅)မျိုးကို နိုင်ငံတော်သို့ ပြန်လည်လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြန်မာ-တရုတ်‌နယ်စပ်ဒေသ၊ နှစ်နိုင်ငံတာဝန်ရှိသူများ နယ်စပ်စီးပွားရေးပူးပေါင်း‌ ဆောင်ရွက်မှုဇုန်ဆိုင်ရာ အလွတ်သဘောတွေ့ဆုံ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မြန်မာ-တရုတ်‌ နယ်စပ်ဒေသ၊ မူဆယ်မြို့နယ်နှင့် တရုတ်နိုင်ငံ၊ ရွှေလီ-ဂျယ်ဂေါင် နယ်စပ်ဒေသမှ နှစ်နိုင်ငံတာဝန်ရှိသူများ ဧပြီ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီက မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်(နန်းတော်ဂိတ်) ချစ်ကြည်ရေးစင်တာ၊ အစည်းအဝေးခန်းမ၌ နယ်စပ်စီးပွားရေးဆိုင်ရာ ပူးပေါင်း‌ဆောင်ရွက်မှုဇုံနှင့် ပတ်သက်ပြီး   မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးလှိုင်စိုးသန့် ဦးဆောင်သည့် ဌာနဆိုင်ရာများနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်(ခွဲ)၊ ပြည်သူ့အစိုးရ၊ ရွှေလီမြို့တော်ဝန် မစ္စတာရှန့်သဖုန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အလွတ်သဘောတွေ့ဆုံဆွေး‌ကြသည်။