ရေနံချောင်းမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား စားသောက်ကုန်ငါးမျိုး ဖြန့်ဝေပေး
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့သည့် အခြေခံစားသောက်ကုန်ငါးမျိုးကို ယနေ့ မွန်းလွဲ ၂ နာရီက ရွှေဘုံသာ ပြည်သူ့အားကစားကွင်း၌ ဖြန့်ဝေပေးလျက်ရှိသည်။







