မဟာသင်္ကြန်ရုံးပိတ်ရက်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို အခြေခံစားသောက်ကုန်(၅)မျိုးပေးအပ်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို အခြေခံစားသောက်ကုန်(၅)မျိုး ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက နေပြည်တော် ပျဉ်းမနားမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန (စုပေါင်းရုံး)တွင် ကျင်းပသည်။





