ယင်းမာပင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ စသည့် အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုးအား ယနေ့ ညနေ ၄ နာရီက မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စုများမှ အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။