ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံ တော်အစိုးရ၏ပံ့ပိုးမှုဖြင့် သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် (၅)မျိုး ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက်၊ တောရကျောင်းပရိယတ္တိစာသင်တိုက်တွင် ဆောင်ရွက်ခဲ့သည်။