ဒက္ခိဏသီရိမြို့နယ်အတွင်း အခြေခံလူတန်းစား အိမ်ထောင်စု (၆၁၈၇) ရှိသည့်အနက် ယနေ့တွင် အိမ်ထောင်စု (၄၇၅၈) စုအား အခြေခံစားသောက်ကုန်များ ဖြန့်ဝေပေးရန် လျာထားခဲ့ရာ ဒက္ခိဏသီရိ ရပ်ကွက်အတွင်း အိမ်ထောင်စု (၈၄၁) စုအား ဆား (၈၄၁) ပိဿာ၊ ပဲ (၈၄၁) ပိဿာ၊ ကြက်သွန် (၈၄၁) ပိဿာတို့အား လည်းကောင်း၊ ရွှေအင်ကြင်းရပ်ကွက်အတွင်း အိမ်ထောင်စု (၄၇၅) စုအား ကြက်သွန် (၄၇၅) ပိဿာအားလည်းကောင်း၊ ရန်အောင်မြင် ကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၇၅၉) စုအား ဆား (၇၅၉) ပိဿာ၊ ပဲ (၇၅၉) ပိဿာတို့အား လည်းကောင်း၊ ကျွန်းတက်ပွဲ ကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၃၃၀) အား ဆန်အိတ် (၃၃၀)၊ ဆားပိဿာ (၃၃၀) ၊ ပဲပိဿာ (၃၃၀) တို့အားလည်းကောင်း။