မြဝတီ ၁၄ ဧပြီ 

 

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(ကိုဗစ်-၁၉) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ပြည်သူများလိုက်နာရမည့် အချက်များအား အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက််ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး  ဒေါ်စုစုသွယ်နှင့် ဝန်ထမ်းများ၊ မြဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးကျော်သူထိုက်နှင့် ဝန်ထမ်းများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာမှ ဦးစီးအရာရှိ ဒေါ်ခင်နွယ်နွယ်ရီနှင့် ဝန်ထမ်းများတို့မှ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်။

 

မြဝတီမြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ရေပူကျေးရွာတို့တွင် ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများ၊ ရောဂါလဏ္ခာများ၊ ကူးစက်ပုံနည်းလမ်းများ၊ ကြိုတင်ကာကွယ်ရမည့်နည်း လမ်းများဖြစ်သည့် လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀) ပုံမှန်ဆေးခြင်းဖြင့် ကာကွယ်ခြင်း၊ လူထူထပ်သည့် နေရာများသို့မသွားပဲ မိမိအိမ်တွင်တက်နိုင်သမျှ နေထိုင်ရေးစသည့် အချက်များကို အသံချဲ့စက်များဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)