နေပြည်တော် ၁၄ ဧပြီ  

 

ဒက္ခိဏသီရိမြို့နယ်အတွင်း အခြေခံလူတန်းစား အိမ်ထောင်စု (၆၁၈၇) ရှိသည့်အနက် ယနေ့တွင် အိမ်ထောင်စု (၄၇၅၈) စုအား အခြေခံစားသောက်ကုန်များ ဖြန့်ဝေပေးရန် လျာထားခဲ့ရာ ဒက္ခိဏသီရိ ရပ်ကွက်အတွင်း အိမ်ထောင်စု (၈၄၁) စုအား ဆား (၈၄၁) ပိဿာ၊ ပဲ (၈၄၁) ပိဿာ၊ ကြက်သွန် (၈၄၁) ပိဿာတို့အား လည်းကောင်း၊ ရွှေအင်ကြင်းရပ်ကွက်အတွင်း အိမ်ထောင်စု (၄၇၅) စုအား ကြက်သွန် (၄၇၅) ပိဿာအားလည်းကောင်း၊ ရန်အောင်မြင် ကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၇၅၉) စုအား ဆား (၇၅၉) ပိဿာ၊ ပဲ (၇၅၉) ပိဿာတို့အား လည်းကောင်း၊ ကျွန်းတက်ပွဲ ကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၃၃၀) အား ဆန်အိတ် (၃၃၀)၊ ဆားပိဿာ (၃၃၀) ၊ ပဲပိဿာ (၃၃၀) တို့အားလည်းကောင်း။

 

 ကြာပင်ကျေးရွာ အုပ်စုအတွင်း အိမ်ထောင်စု (၅၃၇) စုအား ဆန် (၄၄၉) အိတ်၊ ဆား (၃၀၉) ပိဿာ၊ ပဲ (၃၀၉) ပိဿာ၊ ကြက်သွန် (၅၃၇) ပိဿာတို့ အားလည်းကောင်း၊ ချိုင်းကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၃၉၃) စုအား ဆား (၃၉၃) ပိဿာ၊ ပဲ (၃၉၃)ပိဿာ၊ ကြက်သွန် (၃၉၃)ပိဿာ တို့အားလည်းကောင်း၊ ရွာမကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၄၄၆) စုအား ဆား (၄၀၁) ပိဿာ၊ ပဲ(၄၀၁)ပိဿာ၊ ကြက်သွန် (၂၀၆) ပိဿာတို့အားလည်းကောင်း၊ ဒိုးနွယ်ကျေးရွာ အုပ်စုတွင် အိမ်ထောင်စု (၉၀၁) စုအား ဆန်အိတ် (၃၅၀)၊ ဆီပိဿာ (၃၅၀)၊ ဆားပိဿာ (၃၅၀)၊ ပဲပိဿာ (၃၅၀)၊ ကြက်သွန်ပိဿာ (၃၅၀) တို့အားလည်းကောင်း။

 

ကူနှစ်လုံးဆည်စု ကျေးရွာအုပ်စုတွင် အိမ်ထောင်စု (၆၅၂) စုအား ဆီ (၈၇) ပိဿာ၊ ဆား (၅၅၂) ပိဿာ၊ ပဲ (၅၂၂) ပိဿာ၊ ကြက်သွန် (၄၃၉) ပိဿာတို့အားလည်းကောင်း၊ ရွှေခဲအင်းကျေးရွာ အုပ်စုတွင် အိမ်ထောင်စု (၈၅၃) စုအား ဆီ (၈၅၃) ပိဿာ၊ ဆား (၈၅၃) ပိဿာ၊ ပဲ (၈၅၃) ပိဿာ တို့အားလည်းကောင်း၊ စုစုပေါင်းအိမ်ထောင်စု (၄၇၅၈) စုတို့အတွက် ဆန် (၁၁၂၉) အိတ်၊ ဆီပိဿာ (၁၂၉၀)၊ ဆား(၄၇၅၈)ပိဿာ၊ ပဲ(၄၇၅၈) ပိဿာ၊ ကြက်သွန် (၃၂၄၁) ပိဿာတို့အား နေအိမ်များအရောက် ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်