ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပြန်ကြေညာချက်များလိုက်နာစေရေး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သော ထုတ်ပြန်ကြေညာ ချက်များကို လိုက်နာရေး၊ ကျန်းမာရေးနှင့် ဥပဒေဆိုင်ရာ အသိပညာပေးခြင်းနှင့် ပြန်လည်လျော်ဖွတ် အသုံးပြုနိုင်သော    ပိုးသတ်ပြီး Mask များ ဖြန့်ဝေခြင်းကို  ယနေ့ နံနက် ၁၀ နာရီက  မြို့အဝင်နေရာများနှင့် မြို့တွင်းတို့၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်မှုကော်မတီက ယာဉ်မောင်း နှင့် နောက်လိုက်များအား စားသောက်ကုန်များ ထောက်ပံ့

စက်ရုံ၊ အလုပ်ရုံများ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ မရှိ ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်ကာလအတွင်း စက်ရုံအလုပ်ရုံများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးမှုကို ဧပြီ ၂၉ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွမ်းလုံမြို့နယ် ယာယီစောင့်ကြည့်ရေးစင်တာရှိ ပြည်သူ(၈၈)ဦးအား နေရပ်သို့ပြန်လည်ပို့ဆောင်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ယာယီစောင့်ကြည့်ရေးစင်တာ၌ Quarantine (၂၁)ရက် ပြည့်မြောက်ပြီးဖြစ်သည့် နေရပ်ပြန်ပြည်သူ(၈၈)ဦးအား နေရပ်အသီးသီးသို့ ယနေ့ နံနက် ၇ နာရီက ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ လွှဲပြောင်းပေးအပ်

ရေနံချောင်း  ၁  မေ

 

ပူတာအိုတွင် သင်္ကြန်ကာလအတွင်း ပျံသန်းမှု ယာယီရပ်ဆိုင်းခဲ့သော မြန်မာအမျိုးသားလေကြောင်းလိုင်း ပုံမှန်အတိုင်း ပြန်လည်ပျံသန်းပြေးဆွဲ
သင်္ကြန်ကာလ နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပူတာအိုတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းမှုကို ယာယီရပ်ဆိုင်းခဲ့ရာ ယခုအခါ ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေစေရန် မေ ၁ ရက်မှ စပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ ပျံသန်းလျက်ရှိကြောင်း မြန်မာအမျိုးသားလေကြောင်း ပူတာအိုဌာနခွဲ တာ၀န်ခံ ဦးလှမြင့်ထံမှ သိရသည်။
ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ စေတနာ့ဝန်ထမ်းများအား သင်တန်းပေး
ချင်းပြည်နယ် ထန်တလန်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စေတနာ့ဝန်ထမ်းများအား ရပ်ရွာအခြေပြု အသိပညာပေးသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ထန်တလန် မြို့နယ်ခန်းမ၌ ကျင်းပသည်။