အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ လှူဒါန်း
ယမန်နေ့ညနေပိုင်းက ကျိုက်မရောမြို့နယ်အတွင်းရှိ ဆင်းရဲချို့တဲ့သော အခြေခံလူတန်းစားများအတွက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဗဟို) နာယက ရွှေမြင့်မိုရ်ဓမ္မနန္ဒီဆရာတော်မှ တစ်အိမ်ထောင်လျှင် ဆန် ၂ ပြည်၊ အုန်းနို့ ၂ ဘူး၊ ကြက်သွန်၊ ကော်ဖီမစ်၊ ဘီစကစ်၊ စားသောက်ဖွယ်ရာများနှင့် ရွှေမြင့်မိုရ်ကုမ္ပဏီမှ ဦးစိုးအောင်၊ မရွှေဇင်ထူး မိသားစုမှ တစ်အိမ်ထောင်လျင်ဆန် ၄ ပြည် ဆီ၊ ဆား၊ အာလူး၊ ကြက်သွန်၊ အချိုမုန့်၊ အသားတုစသည့် စားသောက်ကုန်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။  
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းမှ မြန်မာလုပ်သားအချို့ မြဝတီချစ်ကြည်ရေးအမှတ် (၂) တံတားမှ ယနေ့စတင် ဝင်ရောက်
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာရန်ရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သားအချို့သည် ယနေ့ နံနက်ပိုင်းမှစ၍ မြန်မာ−ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် စတင်ဝင်ရောက်လာသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား စတင်ဖြန့်ဖြူး 
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့ပေါင်း ၅၀၊ ကျေးရွာပေါင်း ၅၉၉၂ ရွာရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် မြို့ပေါင်း ၃၂ မြို့၊ ကျေးရွာပေါင်း ၁၃၄၇ ရွာတို့ကိုသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း ယခုအခါ မြို့ပေါင်း ၃၆ မြို့၊ ကျေးရွာပေါင်း ၂၆၀၉ ရွာတို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်သဖြင့် မြို့ ၄ မြို့နှင့် ကျေးရွာပေါင်း ၁၂၆၂ ရွာတို့ကို တိုးချဲ့ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သီပေါမြို့နယ်၌ တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ၁၆၀ ဦးအား ကျန်းမာရေးစစ်ဆေးကာ ကျောက်မဲအဝင်ဂိတ်သို့ပို့ဆောင်
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၌ ယနေ့ နံနက် ၇ နာရီက တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ၁၆၀ ဦးအား သီပေါအထွက်ဂိတ်၌ ကျန်းမာရေးစစ်ဆေးပြီး ကျောက်မဲအဝင်ဂိတ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများ ဦးဆောင်၍ (ယာယီ) ကျန်းမာရေး စစ်ဆေးမှုဌာနကို နေ့စဉ်ဖွင့်လှစ်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ရန်ကုန် ၁  မေ 

 

နမ္မတူမြို့နယ် ဆိုင်ဂျာကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊  ဆိုင်ဂျာကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။