တီးတိန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်း ချုပ်၊ကုသရေးအတွက် အလှူငွေပေးအပ်

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးအတွက် တီးတိန်မြို့နယ် ပညာရေးဦးစီးဌာနရုံး ဝန်ထမ်းများနှင့် ဆရာ၊ဆရာမများအားလုံး ပူးပေါင်းပါဝင်မှုဖြင့် အလှူငွေ ကျပ် ၃၅၅၆၀ဝ၀ ကို မြို့နယ်ပညာရေးဝန်ထမ်းများ ကိုယ်စား မြို့နယ်ပညာရေးမှူး ဦးဂင့်ထွန်ုပေါင်နှင့် တာဝန်ရှိသူတို့က မေ ၁ ရက်နေ့ နံနက်ပိုင်းက တီးတိန်မြို့နယ် ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင်ထံသို့ သွားရောက် ပေးအပ်ပြီး လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို မြို့နယ် ဆေးရုံအုပ်မှ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရ
ဒေးဒရဲမြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲနှင့် ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ ထောက်ပံ့လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲနှင့် ကာကွယ်ရေးဆိုင်ရာပစ္စည်များ ထောက်ပံ့လှူဒါန်း ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာဒေသများသို့ လွှဲပြောင်းပေးပို့

ချင်းရွှေဟော်  ၁  မေ

မန္တလေးဘူတာကြီးသို့ ရထားမဆိုက်ရောက်မီ လမ်းခုလတ်များ၌ ခရီးသည် ဆင်းသက်မှုမရှိစေရေး လုံခြုံရေးစောင့်ကြပ်မှုများ ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် World Vision မှ ဆေးရုံသုံး ပစ္စည်းများ လာရောက်လှူဒါန်း
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် World Vision(ANCP) အဖွဲ့က  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လိုအပ်သော အထောက်အကူပြု ဆေးရုံသုံး ပစ္စည်းများကို ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လာရောက် လှူဒါန်းခဲ့
ကောလင်းမြို့နယ်၌  (ယာယီ)ပျံကျဈေးမှ ဈေးသည်ဈေးဝယ်များအား နေ့စဉ်သုံး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူပြုစေရန် ပြည်သူ့အားကစာကွင်းတွင် ဖွင့်လှစ်ထားရှိသော (ယာယီ) ပျံကျဈေးအတွင်းရှိ ဈေးသည်၊ဈေးဝယ်များအား ယမန်နေ့ မွန်းလွဲ ၁ နာရီက နေ့စဉ်သုံး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရ
လူစုလုဝေး လျှော့ချနိုင်စေရေးအတွက် ဟင်းသီးဟင်းရွက်တစ်နိုင်တစ်ပိုင်(Home Garden)စိုက်ပျိုးရန် မျိုးစေ့များ အခမဲ့ဖြန့်ဝေ
နေပြည်တော် တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြ ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် အထောက်အကူဖြစ်စေရန် ဒေသခံပြည်သူများ မိမိနေအိမ် ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင်(Home Garden)စိုက်ပျိုးရန် မျိုးစေ့များ အခမဲ့ဖြန့်ဝေပေးခြင်းကို မေ ၁ ရက် နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာရှိ လူထုဖွံ့ဖြိုးရေး စင်တာခန်းမတွင် ကျင်းပ