ထန်တလန် ၁ မေ
ချင်းပြည်နယ် ထန်တလန်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စေတနာ့ဝန်ထမ်းများအား ရပ်ရွာအခြေပြု အသိပညာပေးသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ထန်တလန် မြို့နယ်ခန်းမ၌ ကျင်းပသည်။
အဆိုပါ သင်တန်းတွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းပွားနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ အသွားအလာကန့်သတ်ခြင်း၊ နေရာပြင်ဆင်ထားရှိမှု လိုအပ်ချက်နှင့် လိုက်နာရန် စည်းကမ်းများ၊ သတ်မှတ်နေရာတွင် စောင့်ကြပ်ကြည့်ရှုခြင်း ၂၁ ရက်နှင့် အိမ်တွင်နေထိုင်ခြင်း ၇ ရက်လိုက်နာရန် စည်းကမ်းချက်များ၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံပြည့် ဝတ်နည်း၊ ချွတ်နည်းကို လက်တွေ့သရုပ်ပြ သင်ကြားခြင်း၊ လက်ဆေးနည်း၊ နှာခေါင်းစည်းတပ်နည်း စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို ရှင်းလင်းပို့ချပေးခဲ့သည်။
သင်တန်းသို့ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်၊ ဌာနနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း ၆၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောန(ပြန်/ဆက်)


