ရပ်စောက်မြို့နယ်၌ ကျေးလက်ဒေသမီးလင်းရေး တစ်အိမ်သုံးဆိုလာများ ကွင်းဆင်းတပ်ဆင် ပေးလျက်ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် ဂျာမနီ ဖွံ့ဖြိုးရေးဘဏ် (KFW)အဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံတော်ရန်ပုံငွေ၊ (KFW)အဖွဲ့ ထောက်ပံ့ရန်ပုံငွေနှင့် ဒေသခံ ပြည်သူများ ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း(NEP)အရ တစ်အိမ်သုံး ဆိုလာများ တပ်ဆင်မှုကို ဒီဇင်ဘာ ၁၄ ရက်က မားသဲကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ ၁၃ ရွာ၌ ကွင်းဆင်းဆောင်ရွက်ကြ








