ကျိုက်ဒုံမြို့တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအား သဘာဝပိုးနှင်ဆေး၊ ငါးအမိုင်နိုအက်ဆစ် ဖျော်စပ်နည်းစနစ်များ လက်တွေ့ပြုလုပ်ပြသ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်လှမြင့်နှင့် ဝန်ထမ်းများမှ ယမန်နေ့က ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများကို သဘာဝပိုးနှင်ဆေး၊ ငါးအမိုင်နိုအက်ဆစ် ဖျော်စပ်နည်း စနစ်များ လက်တွေ့ပြသခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။








