မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ဒေသခံတောင်သူများ မြေအောက်ရေကို အသုံးပြု၍ ဆောင်းသီးနှံ ပန်းမုံလာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် အိုင့်ကိုင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများသည် မြေအောက်ရေကို အသုံးပြု၍ ဆောင်းသီးနှံ ပန်းမုံလာ စိုက်ပျိုးရေးလုပ်ငန်းအား စမ်းသပ် စိုက်ပျိုး လုပ်ကိုင်ကြရာ စိုက်ပျိုးရေအဆင်ပြေ မှုကြောင့် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း ပေါက်မြို့နယ် စခန်းလှကျေးရွာမှ ဒေသခံ တောင်သူများထံက သိရ







