ဆွမ်ပရာဘွမ်မြို့နယ်၌ KGတန်း မှ စတုတ္ထတန်းအထိ ကလေးငယ်များအား အဟာရမုန့်များ ဖြန့်ဝေပေး
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ KG တန်း မှ စတုတ္ထတန်းအထိ ကလေးငယ်များအား အဟာရမုန့်များဖြန့်ဝေပေးမှုကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ဆွမ်ပရာဘွမ်မြို့နယ် အထက ကျောင်းတွင် ပြုလုပ်ခဲ့သည်။







