မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်သို့ မတ္တရာမြို့နယ်မှ သွေးလှူရှင်များက စုပေါင်းသွေးလှူ
မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင် သွေးအမျိုးအစား မျိုးစုံ လိုအပ်နေသည့်အတွက် မတ္တရာမြို့မှ သွေးအလှူရှင်များက ဇန်နဝါရီ ၁၉ ရက်တွင် မတ္တရာမြို့ အမှတ်(၁) ရပ်ကွက် ဇေယျာသန မစိုးရိမ်တိုက်သစ်၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း ........................................
လေးမျက်နှာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာ သုံးဦး ဆေးရုံဆင်းခွင့်ရရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာ ၅၇ ဦးရှိပြီဖြစ်ရာ ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ပိုးတွေ့လူနာ သုံးဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီး သတ်မှတ်ရက် ပြည့်ပြီဖြစ်သဖြင့် ဆေးရုံဆင်းခွင့်ရရှိကာ ကျန်လူနာ ၁၅ ဦးလည်း ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းများ ရှင်းလင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းများ ရှင်းလင်းခြင်းကို ဇန်နဝါရီ  ၁၈  ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ကျောင်းကုန်းမြို့နယ် တာဦးဈေးအတွင်း နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုပြလုပ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်  ကျောင်းကုန်းမြို့နယ်  အမှတ်(၃)ရပ်ကွက် တာဦးဈေးအတွင်း နှာခေါင်းစည်းစနစ်တကျတပ်ဆင်စေရေး ဇန်နဝါရီ  ၁၉  ရက် နံနက် ၇ နာရီခွဲက ပြည်သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြ
ဂွမြို့နယ် လယ်ယာနှင့် အထွေထွေသမဝါယမအသင်း (၄) သင်းတို့က ရေထွက်ကုန်ပစ္စည်းများ ရောင်းချဖြန့်ဖြူး
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမအသင်းစုနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် လယ်ယာနှင့်အထွေထွေသမဝါယမအသင်း  (၄)သင်းမှ ကိုဗစ်-၁၉ ကာလအတွင်း ရေထွက်ကုန် ပစ္စည်းများ ဖြန့်ဖြူးရောင်ချပေးခဲ့ကြောင်း သိရ
မယ်စဲ့မြို့နယ်အတွင်း သစ်တောများပြုန်းတီးမှုမရှိစေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်လျက်ရှိ
ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်အတွင်း သစ်တောများ ပြုန်းတီးမှုမရှိစေရေး၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သည့် ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း၊ ကာကွယ်၊ တားဆီးရေး ကော်မတီဖွဲ့စည်းပြီး ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်နိုင်ရန်အတွက် ချပြရှင်းလင်းဆွေးနွေးခြင်းကို ဇန်နဝါရီ  ၁၉  ရက် နံနက် ၁၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ