ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်း သား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ် ဘူးသီးတောင်မြို့နယ် အတွင်း နယ်စပ် ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေကျပ် (၃၈၁.၀၁၄)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ငကျဉ်တောက်-ပြင်ခေါင်-ကထိလှလမ်း(၉/၄)မိုင် လမ်းပေါ်တွင် ပြိန်းချောင်း ဘေလီတံတားပေ(၁၂၀) (၁)စင်း တည်ဆောက်ခြင်း၊ ပြိန်းချောင်းပေ (၁၂၀) ဘေလီတံတား၏ ချဉ်းကပ်လမ်းမြေထိန်းနံရံ (၂၀x ၁၅) ပေ (၉) လက်မထု (၄)ခု တည် ဆောက်ခြင်းနှင့်







