ကလေးမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၀ ဦး  ထပ်မံတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဇန်နဝါရီ ၁၈ ရက်က ခုတင်-၃၀ဝ ဆံ့ ဆေးရုံကြီးသို့ အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုးသဖြင့် လာရောက်ပြသသူများအား Test Kit ဖြင့် စစ်ဆေးရာ သုံးဦး တွင် လည်းကောင်၊ အတည်ပြုလူနာများနှင့် ဆက်စပ်လျက်ရှိသူများအား ပထမအကြိမ် Test Kit ဖြင့် စစ်ဆေးရာ လေးဦးတွင် လည်းကောင်း၊ ကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား Test Kit ဖြင့် စစ်ဆေးရာ သုံးဦးတွင်လည်းကောင်း စုစုပေါင်း ၁၀ ဦးတွင် ကိုဗစ်-၁၉ ရောဂါ  Positive အဖြေ ထွက်ရှိခဲ့ကြောင်း သိရ
ယခုနှစ်နွေရာသီ၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ(၃၀)တွင် ရေရှားပါးမှုနှင့်ကြုံတွေ့ ရနိုင်ဟုဆို
ယခုနှစ်နွေရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၂)ရှိ ကျေးရွာ(၃၀)ရွာ၌ သောက်သုံးရေ ရှားပါးမှုနှင့်ကြုံတွေ့နိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။
မြိုင်မြို့ စည်ပင်သာယာမြို့မစျေးတွင် စားသုံးရန်မသင့်သည့်အစားသောက်များနှင့် တိုင်းရင်းဆေးဝါး အတုအပများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာနနှင့် စည်ပင် သာယာဈေးကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန (FDA) မှ တားမြစ်ထားသော အစားအသောက်များ၊ တိုင်းရင်းဆေးဝါးအတုအပများ ရောင်းချခြင်းရှိ/မရှိကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက စည်ပင်သာယာမြို့မဈေးတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျောက်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ဂန္ဓမာပန်းစိုက်ပျိုးတောင်သူများ မိသားစု စားဝတ်နေရေးအဆင်ပြေ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဂန္ဓမာပန်းစိုက်ပျိုးတောင်သူများ မိသားစုစားဝတ်နေရေးအဆင်ပြေကြောင်း အဆိုပါ ပန်းစိုက်ပျိုး တောင် သူများထံမှ သိရ
ဗန်းမောက်မြို့နယ်အတွင်း ကုန်ထုတ်လမ်းနှင့် ကျေးရွာချင်းဆက်လမ်းပိုင်းများ ပြုပြင်ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း ကုန်ထုတ်လမ်းနှင့် ‌ကျေးရွာ ချင်းဆက်လမ်းပိုင်းများ ပြုပြင်ဆောင်ရွက်နိုင်ရန် စုံတော်ကျေးရွာအုပ်စုနှင့် ပင့်စင်တဲကျေးရွာ အုပ်စုတို့တွင် လမ်းအူကြောင်း ရှာဖွေခြင်းလုပ်ငန်းအား ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ မြန်မာနိုင်ငံ မသန်စွမ်းအသင်းမှ မသန်စွမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို အသိပညာပေးဆွေးနွေး
ကော့ကရိတ်မြို့၌ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းမှ ကျေးရွာများသို့ ကွင်းဆင်း၍ မသန်စွမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို အသိပညာပေးဆွေးနွေးမှုကို
ရွှေဘိုမြို့၌ ငလျင်ဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ငလျင်ဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေးနှင့်  မီးငြှိမ်းသတ်ရေး  ဇာတ်တိုက်လေ့ကျင့်ခြင်းကို  ဇန်နဝါရီ  ၁၉  ရက် နံနက် ၉ နာရီက အစိုးရနည်းပညာကောလိပ်၌   ပြုလုပ်သည်။