ဂွ၊   ၁၉   ဇန်နဝါရီ

 

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမအသင်းစုနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် လယ်ယာနှင့်အထွေထွေသမဝါယမအသင်း  (၄)သင်းမှ ကိုဗစ်-၁၉ ကာလအတွင်း ရေထွက်ကုန် ပစ္စည်းများ ဖြန့်ဖြူးရောင်ချပေးခဲ့ကြောင်း သိရသည်။

 

mdn

 

ရေထွက်ကုန်ပစ္စည်းများ ရောင်းချရာတွင် ဈေးကွက်ရရှိရေး၊ ဖြန့်ဖြူးရောင်းချမှုအခက်အခဲ မဖြစ်ပေါ်စေရေးနှင့် စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရေထွက်ကုန်ပစ္စည်းများ ဖြစ်သည့် ကျောက်ငါး၊ ငါးယောင်၊ ငါးမိုးသီး၊ ငါးအုန်း၊ ငါးရွှေစသော ငါးမျိုးစုံ စုစုပေါင်းပိဿာချိန် ၂၆၀ ကို အသင်း(၂)သင်းစီမှ တာဝန်ယူ၍ စားသုံးသူ ပြည်သူများသို့ No Profit, No loss “အမြတ်မယူ အရှုံးမရှိ ဟူသော သမဝါယမမူအတိုင်း ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

MDN