မိုင်းဖြတ်မြို့နယ် ဆိုက်ခေါင်ကျေးရွာ၌ ကုန်ထုတ်လမ်းနှင့် ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ကျေးရွာငါးရွာအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ရာ ဇန်နဝါရီလ တတိယပတ်က ဆိုက်ခေါင်-ကျယီ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့် ဆိုက်ခေါင်ကျေးရွာ ရေပေးဝေရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရ
အင်းတော်မြို့နယ်၌ သဘာဝကျောက်ဖြစ်ရုပ်ကြွင်း ထိုင်တော်မူ ဗုဒ္ဓဆင်းတု(သဏ္ဌာန်တူ) တွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမြို့၏ အရှေ့တောင်ဘက် ၅ မိုင်ခွဲခန့်အကွာ လွဲမုတ်ချောင်းဖျားရှိ နတ်တံခါးကျောက်တောင်ပေါ်၌ သစ်ပင်ချုံနွယ်များအား ခုတ်ထွင် ရှင်းလင်းရာမှ သဘာဝကျောက်ဖြစ်ရုပ်ကြွင်း ရုပ်ပွားတော်မြတ် (ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် သဏ္ဌာန်တူ)အား တွေ့ရှိခဲ့ရကြောင်း ဘုရားဂေါပကအဖွဲ့ဝင် ဦးတင်ဦး၏ ပြောပြချက်အရ သိရသည်။
ရွှေတောင်မြို့နယ်၌ စက်ချုပ်ပညာရပ် သင်ကြားပို့ချ
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ စမ်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ် သင်တန်းကို ဇန်နဝါရီလ နောက်ဆုံးပတ်က အဆိုပါကျေးရွာ၌ စတင်ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်
လှိုင်းဘွဲမြို့နယ်၌ ဆိုင်ကယ်စက်ပြင်သင်တန်းဖွင့်လှစ်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ အသက် မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂ ရက်က ထီးဖိုးကိန်အုပ်စု ထီးဖိုးကိန်ကျေးရွာ၌ ကျင်းပသည်။
မလေးရှားမှ မြန်မာနိုင်ငံသို့ ပြန်လိုသူများအတွက် ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်  ပြန်လည်ပြေဆွဲပေးမည်
မြန်မာနိုင်ငံတော်အစိုးရ၏ ဦးဆောင်စီစဉ်မှုဖြင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော နိုင်ငံသားများ အား  မြန်မာနိုင်ငံသို့ ပြန်လည်လိုက်ပါနိုင်မည့် ခရီးစဉ်များကို ပြန်လည်ပြေးဆွဲ ပျံသန်း ပေးတော့မည် ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် MAI မှ သိရသည်။
ဂန့်ဂေါမြို့နယ် ကန်ကျေးရွာတွင် သဘာဝမြေဆွေး အသုံးပြုရေး နည်းပညာပေးလုပ်ငန်းများဆောင်ရွက်
စားသုံးသူများ ဘေးကင်းလုံခြုံရေးအတွက် အထောက်အကူဖြစ်စေရေး ဓာတုမြေဩဇာများကို လျှော့ချပြီး ကောင်းစွာဆွေးမြည့်နေသည့် သဘာဝမြေဩဇာများကို ပြုလုပ်သုံးစွဲကြရန် ပညာပေး စည်းရုံး ခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီ ၂ ရက်က ဂန့်ဂေါမြို့နယ် ကန်ကျေးရွာတွင်ပြုလုပ်ခဲ့သည်။