တောင်တွင်းကြီးမြို့နယ် ကံလှ သကြားစက်ရုံမှ အာမခံအလုပ်သမား (၂၀၇) ဦးအတွက် လူမှုဖူလုံရေး ထောက်ပံ့ငွေ အကျိုးခံစားခွင့်ပေးအပ်
မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် ကိုဗစ်−၁၉ ကာလအတွင်း ကျွမ်းကျင်မှုဆိုင်ရာ စစ်ဆေးရေး အဖွဲ၏ စစ်ဆေးခံရန် ခေတ္တပိတ်ထားသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများ အတွက် သဘာဝဘေးအန္တရာယ် ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို ဖေဖော်ဝါရီ ၃ ရက် နံနက် (၁၀)နာရီက ထောက်ပံ့ပေးအပ်သည်။







