ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ မိတ်ဆက်တွေ့ဆုံ

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၃-၂-၂၀၂၁) ရက်နေ့၊ ညနေ (၆:၀၀)နာရီ

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့် ကျင်းပသည်။
မောင်တောမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး သိုလှောင်ရာနေရာအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေး
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး သိုလှောင်ရာနေရာအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ  ၃ ရက်  နံနက်ပိုင်းက လုပ်ဆောင်ခဲ့ကြသည်။
ဥက္ကံ-သကြားစက် ကျေးရွာချင်းဆက်မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆက်လက်ခင်းကျင်း
တဘူးလှဆည် ကျေးရွာချင်းဆက်လမ်းဖြစ်သော ဥက္ကံ-သကြားစက်လမ်းပိုင်းကို မြေသားလမ်းမှ ၁၆ ပေအကျယ်၊ ၉ လက်မထု ကွန်ကရစ်လမ်းအဖြစ် လမ်းပိုင်းအချို့ခင်းပြီးဖြစ်ရာ ကျန်ရှိသော ၃ မိုင် ၃ ဖာလုံ မြေသားလမ်းကို ကွန်ကရစ်လမ်းပိုင်းအဖြစ် ဖေဖော်ဝါရီလဆန်းပိုင်း၌ လုပ်ငန်း စတင်ဆောင်ရွက်နေကြောင်း
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်း/ ပြည်ပ ခရီးစဉ်များအား ဖေဖော်ဝါရီ ၄ ရက်တွင် ပျံသန်းပြေးဆွဲမည်
ပြည်တွင်း/ပြည်ပ လေကြောင်းသွား ခရီးသွားပြည်သူများ အဆင်ပြေစေရန်အတွက် မြန်မာ အမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines) အနေဖြင့် ဖေဖော်ဝါရီ ၄ ရက်တွင် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း MNA လေကြောင်းလိုင်းမှ သိရသည်။ 
ရေကြည်မြို့နယ်၌   ငဝန်မြစ်ကမ်းပါး ကွဲအက်လာသဖြင့်  အိမ်လေးလုံး ကြိုတင်ပြောင်းရွေ့
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကညင်ငူကျေးရွာအုပ်စု၊ ကမ်းနားတန်းတွင် ငဝန်မြစ် ကမ်းပါး  ကွဲအက်လာသဖြင့်  ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက အိမ်လေးလုံးကို ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွေ့ပေးခဲ့ကြောင်း သိရသည်။