ဂုံဘိုတံတား (ယောချောင်းကူး) နှစ်လမ်းသွား သံကူကွန်ကရစ်တိုင်များ ပင်မစိုက်ထူခြင်းလုပ်ငန်း ဆောင်ရွက်
ပခုက္ကူ- ပေါက်- ကျောက်ထု- မင်းတပ်ကားလမ်း ပြည်ထောင်စုလမ်း ကျောက်ထုမြို့အနီးရှိ ယောချောင်းကူး ဂုံဘိုတံတားသစ်ဆောက်လုပ်ရန် ဇန်နဝါရီ ၁၆ ရက်က မြေသန့်မင်္ဂလာပြုလုပ်ခဲ့ရာ ယခုအခါ တွင် ကွန်ကရစ်တိုင်များစိုက်ထူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။








