ငရုတ်စိုက်ပျိုးသူများ ခဲဓာတ်ပါဝင်မှုကို သတိပြုရန် လိုအပ်
ငရုတ်စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ခဲဓာတ်ပါဝင်မှုကို သတိပြုရန် လိုအပ်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများထံမှ သိရသည်။
နောင်ချိုမြို့၌ ရေအခက်အခဲရှိသော အိမ်များအား ရေရရှိရေး စိမ့်စမ်းရေသွယ်တန်းပေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ စျေးရပ်ကွက်၊ နယ်မြေ(၁၀)အတွင်း ရေအခက်အခဲရှိသော အိမ်ခြေများ ရေရရှိရေး စိမ့်စမ်းရေသွယ်တန်းခြင်းကို ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မိုးနဲမြို့၌ သောက်သုံးရေခက်ခဲသော ကျေးရွာများသို့ သောက်သုံးရေများ လှူဒါန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် သောက်သုံးရေ အခက်အခဲ ကြုံနေသည့် ကျေးရွာများသို့ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရွှေပိုးပရဟိတအသင်းတို့ ပူးပေါင်းကာ သောက်သုံးရေများကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၇ နာရီက မိုင်းနူစံကျေးရွာသို့ သွားရောက်လှူဒါန်းကြောင်း သိရသည်။
ရွာငံမြို့နယ်တွင် လယ်ယာမြေဧက ၇၀၀ အကျိုးပြုမည့် ကုန်ထုတ်လမ်းဖောက်လုပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်၊ အင်းကုန်း ကျေးရွာရှိ လယ်ယာမြေဧက ၇၀၀ မှ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိကြောင်း ရွာငံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်၌ စပျစ်ပင်များ စမ်းသပ်စိုက်ပျိုးရာ  အောင်မြင်ဖြစ်ထွန်းလျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မှိုင်းပန်ကျေးရွာတွင် စပျစ်ပင် ၅၀၀ စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းနေပြီး အသီး အထွက်နှုန်း ကောင်းမွန်မှုကြောင့် ရောင်းချရာတွင်လည်း ဈေးနှုန်းသင့်တင့်စွာရသဖြင့် စပျစ်စိုက်တောင်သူများ စီးပွားရေး တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။
ဓာတုကင်းလွတ်ဆီးသီးစိုက်ပျိုးထုတ်လုပ်မှု တောင်သူမှတောင်သူသို့ စိုက်ပျိုးနည်းပညာဖလှယ်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ ရေကြည်အရှေ့ရပ်ကွက် တောင်သူဦးစိုးဝင်း၏ ဓာတုကင်းလွတ်နည်းဖြင့် စိုက်ပျိုးလျက်ရှိသော ဆီးသီးခြံတွင် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက တောင်သူမှ တောင်သူသို့ စိုက်ပျိုးနည်းပညာဖလှယ်ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။