Latest News
နောက်ဆုံးရသတင်းများ
မိုင်းဖြတ်၌ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေး ဟောပြော
17/02/19
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာများအကြာင်း အသိပညာပေးဟောပြောပွဲကို
မန်းရေနံမြေနှင့် ထိစပ်ကျေးရွာများတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် (CSR) လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
17/02/19
မကွေးတိုင်းဒေသကြီးအတွင်းရှိ မန်းရေနံမြေနှင့် ထိစပ်ကျေးရွာများတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် (CSR) လုပ်ငန်းများကို ဖေဖော်ဝါရီ ၁၆ ရက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြဝတီမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် ၁၇၀၅ ဦးနှင့် ၂ နှစ်အောက်ကလေး ၄၉၀ ဦးတို့အတွက် ထောက်ပံ့ငွေများပေးအပ်
17/02/19
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် ၁၇၀၅ ဦးနှင့် ၂ နှစ်အောက် ကလေးငယ် ၄၉၀ ဦးတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၈၆၅၃၅၀ဝ၀ အား ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြဝတီမြို့ သောင်ရင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်ရှိ လှောင်အိမ်စနစ်ဖြင့် ရေငန်ငါး မွေးမြူမည့်နေရာသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
17/02/19
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ ဒုံးပုလဲအော် ကျေးရွာအနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လှောင်အိမ်စနစ်ဖြင့် ရေငန်ငါးမွေးမြူရေး လုပ်ငန်းနေရာသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်း၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို
မောင်တောမြို့နယ် သင်္ဘောလှ (ဒိုင်းနက်) ကျေးရွာမှ ရွာသားသုံးဦး သတ်ဖြတ်ခံရပြီး မြေကျင်းအတွင်း မြှုပ်နှံထားသည် တွေ့ရှိရ
17/02/19
မောင်တောမြို့နယ် သင်္ဘောလှ (ဒိုင်းနက်) ကျေးရွာမှ ရွာသားသုံးဦး ဖေဖော်ဝါရီ ၁၅ ရက်တွင် ဂဏန်းရှာရန် သွားရောက်ရာမှ ပြန်လည်ရောက်ရှိခြင်း မရှိသဖြင့် လိုက်လံရှာဖွေရာ သတ်ဖြတ်ခံရပြီး မြေကျင်းအတွင်း မြှုပ်နှံထားသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ ဟားခါးမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
17/02/19
(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ချင်းပြည်နယ် ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
နန်ကသူဆည်ရေဖြင့် နွေစပါး ယခင်နှစ်ထက် အောင်မြင်စွာစိုက်ပျိုးလျက်ရှိ
17/02/19
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တွင် နန်ကသူရေလှောင်တမံမှ ကွင်းကောက်ဒေသအတွင်းရှိ ကျေးရွာအုပ်စု (၁၄)အုပ်စုမှ လယ်စိုက်မြေဧရိယာများကို စိုက်ပျိုးရေ ပေးဝေလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ မိုင်းအန္တရာယ် အသိပညာပေး
17/02/19
မိုင်းအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၁၆ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု ကတ်နောက်ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့၌ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းကုသ
17/02/19
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု နယ်လှည့်ကွင်းဆင်း ဆေးကုသခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၉ ရက်က သုံးခွမြို့ အမှတ်(၁၊ ၃) ရပ်ကွက်တွင် ကွင်းဆင်းကုသခဲ့ကြောင်း သိရသည်။
နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
17/02/19
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အတွင်းရေကျော်ကျေးရွာတွင် ယနေ့ နံနက် ၂ နာရီက နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်များမှတစ်ဆင့် အနီးရှိ ထင်းခြောက်များအား မီးကူးစက်လောင်ကျွမ်းရာမှ နေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။