Latest News

နောက်ဆုံးရသတင်းများ

မြန်အောင်မြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်

မိုးလေဝသ

17/02/19

နေပြည်တော် ၁၇ ဖေဖော်ဝါရီ

 

ယနေ့မွန်းလွဲ ၂ နာရီ ၅၂ မိနစ် ၅၈ စက္ကန့်တွင် မြန်အောင်မြို့၏ အနောက်ဘက် (၂၃)မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

ရိခေါ်ဒါရ်မြို့၌ မြို့အဝင်ပေါက်များနှင့် နယ်စပ်တံတား၌ စုပေါင်းစစ်ဆေးဆောင်ရွက်

ပြည်တွင်း

17/02/19

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ဒေသအတွင်း လုံခြုံရေးအတွက် ဖေဖော်ဝါရီ ၁၆ ရက်က မြို့အဝင်ပေါက်များနှင့် နယ်စပ်တံတားဂိတ်၌ စုပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကျေးရွာ ၁၀ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်

ပြည်တွင်း

17/02/19

ကျေးလက်နေပြည်သူများ မြို့ပြနှင့်ကျေးလက် ကွာဟမှုကျဉ်းမြောင်းစေရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အဦဖြစ်သည့် လမ်း၊ ရေပေးရေး၊ မီးလင်းရေးလုပ်ငန်းများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။ 

ထူးကဲဒီရေတက်မှု ကာကွယ်နိုင်ရန်နှင့် နွေသီးနှံစိုက်ပျိုးနိုင်ရန် ရေငန်တားတာတမံ တည်ဆောက်မှု ယခုလကုန်တွင် ပြီးစီးမည်

ပြည်တွင်း

17/02/19

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အဝဒါကျေးရွာအနီးတွင် ဒေသခံတောင်သူများ နွေရာသီ စိုက်ပျိုးရေရရှိရန်နှင့် မိုးရာသီ ထူးကဲဒီရေတက်ရောက်မှုမှ ကာကွယ်ရန် ရေငန်တား တာတမံတည်ဆောက်နေမှုမှာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်တွင် နယ်မြေကျော် သယ်ဆောင်လာသော နွားများဖမ်းဆီးရမိ

မှုခင်း

17/02/19

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ၁၂ ဘီးယာဉ်ငါးစီးဖြင့် နယ်မြေကျော်သယ်ဆောင်လာသော နွားအကောင် ၁၀ဝ နှင့် လူ ၂၁ ဦးအား ဖေဖော်ဝါရီ ၁၄ ရက်က (၃၆)တံတားတိုးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း လက်မှတ်ကုန်း နယ်မြေရဲစခန်းမှ သိရသည်။

အတ္တရံမြစ်ကူးတံတား စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် လယ်မြေများအတွက် မြေယာလျော်ကြေးငွေ ပေးအပ်နိုင်ရေး ဆွေးနွေး

ပြည်တွင်း

17/02/19

ကျိုက်မရောမြို့နယ် အတ္တရံမြစ်ကူးတံတား စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် လယ်မြေများအတွက် လယ်ယာမြေလျော်ကြေး ပေးအပ်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ရွှေဟင်္သာ)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။

သထုံ၌ တံတားတိုးချဲ့ပြုပြင်နေသည့် နေရာတွင် ကားများ မဆင်မခြင်မောင်းနှင်ရာမှ ယာဉ်များ ဆင့်ကဲတိုက်မူဖြစ်ပွား

မှုခင်း

17/02/19

မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု သာယာကုန်းကျေးရွာ အရှေ့ပိုင်း လမ်းတံတားပြုပြင်နေသည့် အနီးတွင် မဆင်မခြင်မောင်းနှင်မူကြောင့် ဖေဖေါ်ဝါရီ ၁၇ ရက် နံနက် ၁၀ နာရီခွဲက ကားခြောက်စီး ဆင့်ကဲတိုက်မိပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ဖာပွန်မြို့နယ်၌ ခြေတုလက်တု တပ်ဆင်ထားသူများအား အသေးစားပြန်လည်ပြုပြင်ခြင်းနှင့် အခမဲ့လဲလှယ်ပေး

ပြည်တွင်း

17/02/19

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဦးစီးဌာနမှ  ဖာပွန်မြို့နယ်အတွင်းရှိ ခြေတုလက်တု တပ်ဆင်ထားကြသူများအား

“ချင်းတွင်းမြစ်ကို ကယ်တင်စို့” လူထုလှုပ်ရှားမှု မုံရွာမြို့တွင်ပြုလုပ်

ပြည်တွင်း

17/02/19

“ချင်းတွင်းမြစ်ကိုကယ်တင်စို့” အမှိုက်ကောက် လူထုလှုပ်ရှားမှုကို ယနေ့ နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းမြစ်ဝှမ်း အဖွဲ့အစည်းရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဖတ်များဆုံး သတင်း