ရုရှားနိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူအရေအတွက်ဟာ မှတ်တမ်းပမာဏဖြစ်လာ

ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးနဲ့ ဆက်နွယ်ပြီး သေဆုံးသူ ၄၄၃ ဦးရှိတဲ့အတွက် မှတ်တမ်းတင်နိုင်တဲ့ အရေအတွက်ဖြစ်လာကြောင်း ဒီနေ့(အင်္ဂါနေ့)မှာ ထုတ်ပြန်ကြေညာအရ သိရပါတယ်။
ပြင်သစ်နဲ့ ဒိန်းမတ်နိုင်ငံတွေမှာ ကြက်၊ ငှက် တုပ်ကွေးကြောင့် မွေးမြူရေးခြံတွေမှာ သုတ်သင်မှု လုပ်ဆောင်နေ
ပြင်သစ်နဲ့ ဒိန်းမတ် နိုင်ငံတွေမှာ ကြက်၊ ငှက် တုပ်ကွေး ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုချက် ရရှိပြီးနောက်  ကြက်၊ငှက် သုတ်သင်မှုတွေကို တနင်္လာနေ့ကစပြီး လုပ်ဆောင်နေကြောင်း သိရပါတယ်။
လွှဲပြောင်းရေး နောက်ကျခဲ့မယ်ဆိုရင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် လူတွေ ပိုသေနိုင်ကြောင်း  ရွေးကောက်ခံသမ္မတ ဘိုင်ဒန် သတိပေး
အမေရိကန် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က အာဏာလွဲပြောင်းရေးကို  အချိန်ဆွဲခဲ့မယ်ဆိုရင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် လူတွေ ပိုသေနိုင်တယ်လို့  တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။
တိုကျိုမြို့တွင် တစ်ရက်အတွင်း ကူးစက်မှု ၂၉၈ မှု ရှိခဲ့
တိုကျိုမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၂၉၈ မှု ရှိခဲ့ကြောင်း  တိုကျိုမြို့တော် အစိုးရ အရာရှိများက အတည်ပြုပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံတွင်းက ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန် စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ထားတဲ့ အခြေအနေ
အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း တနင်္လာနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၆၀,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံမှာ နိုင်ငံသားတိုင်းကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အခမဲ့ ထိုးပေးမယ်
ဘယ်လ်ဂျီယံ အစိုးရက  နိုင်ငံသားတိုင်းအား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အခမဲ့ ထိုးပေးမယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။