ပြင်သစ်နဲ့ ဒိန်းမတ်နိုင်ငံတွေမှာ ကြက်၊ ငှက် တုပ်ကွေးကြောင့် မွေးမြူရေးခြံတွေမှာ သုတ်သင်မှု လုပ်ဆောင်နေ

၁၇ နိုဝင်ဘာ

 

 

 

ပြင်သစ်နဲ့ ဒိန်းမတ် နိုင်ငံတွေမှာ ကြက်၊ ငှက် တုပ်ကွေး ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုချက် ရရှိပြီးနောက်  ကြက်၊ငှက် သုတ်သင်မှုတွေကို တနင်္လာနေ့ကစပြီး လုပ်ဆောင်နေကြောင်း သိရပါတယ်။

 

 

နယ်သာလန်နိုင်ငံမှာ  ကြက်၊ ငှက်တုပ်ကွေး တွေ့ရှိပြီး ရက်ပိုင်းအတွင်းမှာ ပြင်သစ်နဲ့ ဒိန်းမတ် နိုင်ငံတွေမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

 

ပြင်သစ်နိုင်ငံရဲ့ ကော်စီကာကျွန်းရှိ ကြက်မွေးရေးခြံမှာ ကြက်၊ ငှက် တုပ်ကွေးပိုး တွေ့ရှိခဲ့ပြီးနောက် ရာချီတဲ့ ကြက်တွေ သုတ်သင်ခဲ့သလို ဒိန်းမတ်နိုင်ငံ မြောက်ပိုင်းရှိ ငှက်အကောင်ရေ ၂၅,၀၀၀ ကျော်ကိုလည်း သုတ်သင်ခဲ့ကြောင်း သိရပါတယ်။

 

 

ပြင်သစ်နိုင်ငံမှာ နိုင်ငံလုံးဆိုင်ရာ အမိန့်ထုတ်ပြန်ပြီး  ကြက်တွေအား သဘာဝ ငှက်တွေနဲ့ မတွေ့ထိရန် လုပ်ဆောင်ရမယ်လို့ ဆိုထားပါတယ်။ ဒိန်းမတ်နိုင်ငံထုတ် ကြက်ဉတွေအား ဉရောပအဖွဲ့နိုင်ငံတွေကို တင်ပို့ရောင်းချခွင့် ပိတ်ပင်ထားကြောင်း သိရပါတယ်။

 

 

အခုတွေ့ရှိတဲ့ ဗိုင်းရပ်စ်ပိုးဟာ လူသားတွေအား ထိခိုက်မှု မရှိပေမယ့် မွေးမြူရေးခြံတွေကို အထိနာစေကြောင်း သိရပါတယ်။ အဲဒီဗိုင်းရပ်စ်ပိုးဟာ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ရုရှား၊ အိုင်ယာလန်နဲ့ ဗြိတိန်နိုင်ငံတွေမှာလည်း တွေ့ရှိပြီး ကြောင်း သိရပါတယ်။

 

 

ဒိန်းမတ်နိုင်ငံမှာ အခုလ အစောပိုင်းက ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့အတွက် ငှက်အကောင်ရေ ၂၀၀,၀၀၀ ကျော်ကို သုတ်သင်ပြီးကြောင်း၊ အဲဒီအတွက် ယူရိုငွေ သန်းချီပြီး ဆုံးရှုံးကြောင်း ပြောပါတယ်။

 

 

ဒိန်းမတ်နိုင်ငံက မြွေပါမွေးမြူရေးခြံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့အတွက် မြွေပါ အကောင်ရေ သန်းချီပြီး အခုရက်ပိုင်း အတွင်းမှာလည်း သုတ်သင်ခဲ့ရပါတယ်။

 

 

MDN

ကိုးကား - AFP

a1