ဘယ်လ်ဂျီယံနိုင်ငံမှာ နိုင်ငံသားတိုင်းကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အခမဲ့ ထိုးပေးမယ်

၁၇ နိုဝင်ဘာ

 

 

ဘယ်လ်ဂျီယံ အစိုးရက  နိုင်ငံသားတိုင်းအား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အခမဲ့ ထိုးပေးမယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

 

 

လူဦးရေ ၈ သန်း နီးပါး တစ်နည်းအားဖြင့် နိုင်ငံသား ၇၀ ရာခိုင်နှုန်းလောက်အတွက် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးဖို့ ပြင်ဆင်ထားကြောင်း၊ လူတိုင်း ကာကွယ်ဆေးထိုး ရမယ်ဆိုတဲ့ စည်းမျဉ်းမရှိကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

 

 

ဝန်ကြီးဖရန့် ဗန်ဒါဘရိုကီက အနည်းဆုံး နိုင်ငံရဲ့ လူဦးရဲ့ ၇၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးရဖို့ ရည်မှန်းထားကြောင်း၊ ဘယ်သူတွေဟာ ဦးစားပေး အစီအစဉ်မှာ ပါမယ်ဆိုတာကို ပညာရှင်တွေတဲ့ အကြံပြုချက်နဲ့ လူမှုရေးရာ စကားစစ်ထိုးမှုတွေကနေ ဆုံးဖြတ်သွားမှာဖြစ်ကြောင်း၊ နိုင်ငံသားအားလုံးအတွက် ကာကွယ်ဆေး အခမဲ့ ထိုးပေးသွားဖြစ်ကြောင်း ပြောပါတယ်။

 

 

လူဦးရေ ၁၁.၅ သန်းနေထိုင်တဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅၄၀,၀၀၀ နဲ့ သေဆုံး သူ ၁၄,၀၀၀ ကျော်သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူများတဲ့ ဉရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ဘယ်လ်ဂျီယံနိုင် ပါဝင်တာကို တွေ့ရပါတယ်။

 

 

ဘယ်လ်ဂျီယံနိုင်ငံဟာ AstraZeneca ဆေးကုမ္ပဏီမှ ဆေးလုံးရေ ၇.၇ သန်း (တစ်ဦးကို ကာကွယ်ဆေး ၂ လုံးထိုးရန် လိုအပ်) ၊ Johnson & Johnson ဆေးကုမ္ပဏီမှ ဆေးလုံးရေ ၅.၅ သန်း ရရှိရန် သဘောတူ လက်မှတ်ရေးထိုးပြီးကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

a1