ဥရောပသမဂ္ဂ (အီးယူ)မှ မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်သားများအတွက် ယူရို ၅ သန်း ပံ့ပိုးပေးသွားမည်

ဥရောပသမဂ္ဂ (အီးယူ) သည်  ကိုဗစ်-၁၉ ရောဂါ ၏ ရိုက်ခတ်မှုဒဏ်ကြောင့် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ကြရသည့် မြန်မာနိုင်ငံမှ   အထည်ချုပ်လုပ်သားများအတွက် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးနိုင်ရန် မြန်ကူ (Myan Ku) အမည်ရှိ အရေးပေါ်ငွေသား ရန်ပုံငွေမှ ယူရို ၅ သန်း (မြန်မာကျပ်ငွေ ၈ ဘီလီယံ ဝန်းကျင်) ကို ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း ယမန်နေ့ ရက်စွဲဖြင့် ဥရောပသမဂ္ဂ (အီးယူ)၏  ထုတ်ပြန်ကြေညာချက်အရ သိရသည်။
မန္တလေးမြို့မှာ ပထမဦးဆုံး ဖျားနာရောဂါ အခမဲ့ အထူးကုဆေးခန်း (Fever Clinic) ဖွင့်လှစ် 
မန္တလေးမြို့မှာ ပထမဦးဆုံးသော ဖျားနာရောဂါ အခမဲ့ အထူးကုဆေးခန်း (Fever Clinic) ကို ချမ်းမြသာစည်မြို့နယ်တွင် စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
မကွေး၌ ဈေးဝယ်သူနှင့် ဈေးရောင်းသူများအားလုံး Mask နှာခေါင်းစည်းတပ်ပြီးမှ ဈေးထဲဝင်ရမည်
မကွေးမြို့၌ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေး(၅)ဈေးရှိပြီး ဈေးဝယ်သူနှင့် ဈေးရောင်းသူများအားလုံး Mask နှာခေါင်းစည်းတပ်ပြီးမှ ဈေးထဲဝင်ရမည်ဖြစ်ကြောင်း စည်ပင်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၅၀,ဝ၀ဝ ပေးအပ်လှူဒါန်းခဲ့ခြင်း
COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှု နှင့်ပတ်သက်၍ ကာကွယ် တုံ့ပြန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅၀,ဝ၀ဝ (အမေရိကန်ဒေါ်လာ ငါးသောင်း) အား ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ၁၀-၄-၂၀၂၀ ရက်၊ နံနက် ၁၀:ဝ၀ နာရီအချိန်တွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ရှိ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးအဆောက်အဦ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Nguyen Quoc Dung မှ အဆိုပါလှူဒါန်းငွေများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်စိုးဝင်းမှ လက်ခံရယူခဲ့ပါသည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဓမ္မရံသီကျောင်း ကိုဗစ် - ၁၉ စောင့်ကြပ်ကြည့်ရှုစင်တာရှိ ၁၄ ရက်ပြည့် ၂၈၁ ဦးအား တွေ့ဆုံနှုတ်ဆက်
ပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်း ကိုဗစ် - ၁၉ စောင့်ကြပ် ကြည့်ရှု စင်တာတွင်ထားရှိသည့်  ၂၈၁ ဦး ၏ ၁၄ ရက်ပြည့် တွေ့ဆုံနှုတ်ဆက်ပွဲသို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ဧပြီ ၉ ရက် မွန်းလွဲ  ၃ နာရီတွင် သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ရန်ကုန်အရှေ့ပိုင်း ခရိုင်(၁၄)မြို့နယ်ရှိ သံဃာတော်များနှင့် သာကေတမြို့နယ် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ကော်မတီတို့အား မတည်အလှူတော်ငွေ ကျပ်သိန်း(၄၀ဝ)လှူဒါန်း
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် သာသနဗိမာန်မဟာသိမ်တော်ကြီးတွင် ဧပြီလ(၉)ရက် မွန်းလွဲ ၂ နာရီ၌ ရန်ကုန်အရှေ့ပိုင်းခရိုင်(၁၄)မြိုနယ်ရှိသံဃာတော်များနှင့် သာကေတမြို့နယ် COVID-19 ရောဂါတိုက်ဖျက်ရေးကော်မတီတို့အား  သုဓမ္မမဏိဇောတဓရ ဦးမောင်မောင်လေး၊ ဒေါ်မြင့်မြင့်ခိုင်(မောင်မောင်လေးနှင့််ညီများ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး) မိသားစုမှ  ကျပ်သိန်း (၄၀ဝ) လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု စစ်တွေမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အခြေခံစားကုန်(၅)မျိုး ထောက်ပံ့ပေးအပ်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက စစ်တွေမြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ် ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် အခြေခံစားကုန်(၅)မျိုး ထောက်ပံ့ပေးအပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်များ ကိုယ်တိုင်ထောက်ပံ့ပေးအပ်သည်။