ရန်ကုန်အရှေ့ပိုင်း ခရိုင်(၁၄)မြို့နယ်ရှိ သံဃာတော်များနှင့် သာကေတမြို့နယ် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ကော်မတီတို့အား မတည်အလှူတော်ငွေ ကျပ်သိန်း(၄၀ဝ)လှူဒါန်း

ရန်ကုန်        ၁၀        ဧပြီ 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် သာသနဗိမာန်မဟာသိမ်တော်ကြီးတွင် ဧပြီလ(၉)ရက် မွန်းလွဲ ၂ နာရီ၌ ရန်ကုန်အရှေ့ပိုင်းခရိုင်(၁၄)မြိုနယ်ရှိသံဃာတော်များနှင့် သာကေတမြို့နယ် COVID-19 ရောဂါတိုက်ဖျက်ရေးကော်မတီတို့အား  သုဓမ္မမဏိဇောတဓရ ဦးမောင်မောင်လေး၊ ဒေါ်မြင့်မြင့်ခိုင်(မောင်မောင်လေးနှင့််ညီများ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး) မိသားစုမှ  ကျပ်သိန်း (၄၀ဝ) လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

 ယင်းလှူဒါန်းပွဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်(၁၄)မြို့နယ်ရှိ သံဃာတော်များအား တစ်မြို့နယ်လျှင် အလှူတော်ငွေကျပ်(၂၅)သိန်းစီနှင့် သာကေတမြိုနယ် ကိုဗစ်-၁၉ ရောဂါကာကွယ် တိုက်ဖျက်ရေး ကော်မတီအား ငွေကျပ်(၅၀)သိန်းလှူဒါန်းခဲ့ရာ ဆရာတော်များနှင့် တာဝန်ရှိသူများမှလက်ခံရယူခဲ့သည်။

                               
ကျော်ဟိန်း(ပြန်/ဆက်)