ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ထားရှိမည့် COVID-19 ကုသရေးဌာန၊ ကျန်းမာရေးစင်တာ ထားရှိမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲကျင်းပ၊ ဧပြီ ၂၁ ရက်နေ့မှစတင်၍ Covid-19 နှင့် ပတ်သက်သည့် လူနာများ ထားရှိနိုင်အောင် ဆောင်ရွက်မည်
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ကိုဗစ်-၁၉ ကုသရေးဌာန (Covid-19 Medical Center) ထားရှိမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လှည်ကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမတွင် ကျင်းပသည်။ 
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ COVID-19 အတွက် ထောက်ပံ့နိုင်ရေးဆွေးနွေး
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ (အောက်ထပ်) အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအတွင်း COVID -19 အတွက် ထောက်ပံ့နိုင်ရေးနှင့် ပတ်သက်ပြီး ကုန်သည်/စက်မှုအသင်း၊ ဆန်/ဆီကုန်သည်ကြီးများအသင်းနှင့် မကွေးကုန်စည်ဒိုင်အသင်းများတို့အား တွေ့ဆုံ၍ ဆွေးနွေးပွဲတစ်ရပ်ကို ဧပြီ ၉ ရက် နံနက် ၁၀ နာရီက ပြုလုပ်ရာ COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တွေ့ဆုံဆွေးနွေးခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။
အသက်ရှူစက်၊ အောက်စီဂျင်စက်၊ PPE ဝတ်စုံများအပါအဝင် ဆေးရုံသုံးပစ္စည်းများနှင့် ဆန်အိတ် ၁၀ဝ၀ ကမ္ဘောဇဘဏ်က ကယားပြည်နယ်အစိုးရအဖွဲ့သို့ လှူဒါန်း
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများကို ကမ္ဘောဇဘဏ်က ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ နေ့စဉ်လှူဒါန်းလျက်ရှိရာ ကယားပြည်နယ်အတွက် ငွေကျပ် သိန်း ၉၀ဝ ကျော်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများနှင့် ဆန်အိတ် ၁၀ဝ၀ ကို ဧပြီ ၉ ရက် မွန်းလွဲ ၁ နာရီက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပေးအပ်လှူဒါန်းခဲ့သည်။
World Vision Myanmar (ကန်ကြီးထောင့်)မှ မြို့နယ်ပြည်သူ့ဆေးရုံသို့ PPE ဝတ်စုံ၊ Hand Gel နှင့် Mask များ လာရောက်လှူဒါန်း
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ဆေးရုံသို့ World Vision Myanmar (ကန်ကြီးထောင့်)မှ PPE ဝတ်စုံ၊ Hand Gel နှင့် Mask များကို ဧပြီ ၉ ရက် မွန်းလွဲ ၂ နာရီက လာရောက်လှူဒါန်းကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် အလှူငွများပေးအပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများအတွက် အလှူငွေများပေးအပ်ပွဲကို ဧပြီ ၉ ရက် နံနက် ၁၀ နာရီက ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်သည်။
အခြေခံစားသောက်ကုန် ၅ မျိုးကို မကွေးတိုင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၃သိန်းထံ ဖြန့်ဝေမည်
ဆန်၊ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နီ စသည့် အခြေခံစားသောက်ကုန်(၅)မျိုးကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၃)သိန်းထံ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ထံမှ သိရသည်။