World Vision Myanmar (ကန်ကြီးထောင့်)မှ မြို့နယ်ပြည်သူ့ဆေးရုံသို့ PPE ဝတ်စုံ၊ Hand Gel နှင့် Mask များ လာရောက်လှူဒါန်း

ကန်ကြီးထောင့် ၉ ဧပြီ 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ဆေးရုံသို့ World Vision Myanmar (ကန်ကြီးထောင့်)မှ PPE ဝတ်စုံ၊ Hand Gel နှင့် Mask များကို ဧပြီ ၉ ရက် မွန်းလွဲ ၂ နာရီက လာရောက်လှူဒါန်းကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် World Vision Myanmar (ကန်ကြီးထောင့်)မှ တာဝန်ရှိသူများက PPE ဝတ်စုံ(အပြည့်) ၃ စုံ၊ Hand Gel ဘူး ၅၀ နှင့် Mask ဘူး ၂၀ တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရီရီခင်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

a

 

ကန်ကြီးထောင့်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီမှ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး စေတနာရှင်ပြည်သူများ၊ အသင်းအဖွဲ့များမှလည်း မြို့နယ်အဆင့် လုပ်ငန်းကော်မတီ၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် ပြည်ပမှပြန်လာသူများထားရှိရာ စောင့်ကြည့်နေရာများသို့ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ အလှူငွေများ၊ အစားအသောက်များနှင့် အသုံးအဆောင်ပစ္စည်းများ လာရောက်လှူဒါန်းကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာနမှ သိရသည်။

နန်းထိုက် (KGD)