မြို့သစ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာဖြေဌာန(၆)ခုဖြင့် ဆောင်ရွက်မည်

မကွေးခရိုင် ၊ မြို့သစ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်  ၊  တက္ကသိုလ်ဝင်စာမေးပွဲကို စာဖြေဌာန(၆) ခုဖြစ်သည့် အထက (၁)  ၊  အထက(၂) ၊  ဝါးကြီးအိုင် (အထက) ၊ လေးတိုင်စင် (အထက)၊ မြို့လုလင် (အထက-ခွဲ) ၊ မြို့မ(လ-ခွဲ)တို့တွင် ကျင်းပမည်ဖြစ်သည်။ မြို့သစ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ တက္ကသိုလ်ဝင် စာမေးပွဲကို တစ်မြို့နယ်လုံး ဖြေဆိုမည့်သူ ကျား (၁၇၄၈)ဦး နှင့် မ (၂၀၃၄)ဦး စုစုပေါင်း (၃၇၈၂)ဦး ရှိကြောင်း သိရ
နမ့်ဆန်၌ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဆွမ်းတော်ကြီး လှည့်လည်အလှူခံ
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မဟာမြတ်မုနိဘုရား ကုန်းပေါ်တွင် ကျင်းပမည့် (၆၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အတွက် ဆွမ်းတော်ကြီး လှည့်လည် အလှူခံပွဲကို ယနေ့ နံနက်(၉)နာရီတွင် ဂေါပက အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများတို့က နမ့်ဆန်မြို့ပေါ်၌ စုပေါင်းလှည့်လည်ခဲ့ကြောင်း သိရ
(၂၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျွန်းစု၌ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ မြို့ဦးသံသရာအေးစေတီတော် (၂၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်မည် ဖြစ်ရာ ဖွင့်ပွဲကို မတ်လ(၆)ရက်နေ့ နံနက်(၇)နာရီ အချိန်က အဆိုပါ သံသရာအေးစေတီတော် ဓမ္မာရုံ၌ ကျင်းပပြုလုပ်
မယ်စဲ့မြို့နယ်တွင် တောမီး/တောင်ယာမီးရှို့မှုများကြောင့် လျှပ်စစ်ဓာတ်အားများ မကြာခဏ ပြတ်တောက်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မှ မြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအား ဓာတ်အားလိုင်း၏ သတ်မှတ်ဧရိယာ အတွင်း တောမီး/တောင်ယာမီးများ မရှို့ကြရန် အသိပေးထားသော်လည်း လိုက်နာမှုမရှိဘဲ စည်းကမ်းမဲ့ မီးရှို့မှုများကြောင့် မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ သိရ
တိရစ္ဆာန်မှ လူသို့ကူးစက်သောရောဂါ  ကြိုတင်ကာကွယ်နိုင်ရန် သင်တန်းဖွင့်လှစ်
တိရစ္ဆာန်မှ လူသို့ကူးစက်သောရောဂါများအား သိရှိပြီး ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်၍ ပညာပေးသင်တန်း ဖွင့်လှစ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျုံကသောင်ကျေးရွာ၌ မတ် ၅ ရက်က ပြုလုပ်ကြောင်း သိရ
ငဖဲမြို့နယ်ရှိ ကျေးရွာ ၃ ရွာ၌ လယ်ယာထွက်ကုန် သီးနှံများသယ်ယူပို့ဆောင်သည့် လမ်းများ ဖောက်လုပ်လျက်ရှိ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကျေးလက်နေပြည်သူများ လယ်ယာထွက်ကုန်သီးနှံတွေကို အချိန်ကုန် ငွေကြေးကုန်ကျစရိတ် သက်သာစွာနဲ့ ဈေးကွက်ကို ရာသီမရွေး အချိန်မီတင်ပို့ရောင်းချရန်အတွက် ၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၈၄ ဒသမ ၁ သန်းဖြင့် ကုန်ထုတ်လမ်း ၃ လမ်း နှင့် ရေပြွန် ၁၃ စင်း ဆောင်ရွက် လျက်ရှိကြောင်း သိရ
မကွေးမြို့နယ် ရွာဟောင်းကန်ကျေးရွာ၌ အိမ်တိုင်ရာရောက်သောက်သုံးရေရှိရေး ဆောင်ရွက်နေ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွာဟောင်း ကန်ကျေးရွာအုပ်စု၊ ရွာဟောင်းကန်ကျေးရွာ၌  ယခုဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ (ယူနီဆက်ပူးပေါင်း)၊ ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေတို့ဖြင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းကို ဖေဖော်ဝါရီလ တတိယအပတ်ကစတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံမှ သိရ